မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး"ဆိုင်ရာ အသိပညာဟောပြောပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်သစ်တောဦးစီးဌာန မှ(၂၀- ၅-၂၀၂၆) ရက်နေ့ (၁၀ : ၃၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ် ၊ကံဘေးကြီးကျေးရွာ၊နှစ်ကျိတ်ရှစ်ဆူ ဓမ္မာရုံ၌ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပရာ တောင်တွင်းကြီးမြိုနယ်မှ သစ်တောဝန်ထမ်း(၃)ဦး၊ ကံဘေးကြီးရွာ၊အုပ်ချုပ်ရေး(၁)ဦး၊ဒေသခံပြည်သူ ကျား(၃၄)ဦး၊မ(၃)ဦး၊ တက်ရောက်သူစုစုပေါင်း(၄၁)ဦး တက်ရောက်ခဲ့ပြီး၊တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး၊ဦးတင်နိုင် မှသစ်တောပြုစုထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ တောအုပ်ဦးထွန်းထွန်းနိုင် မှ၂၀၂၆(မိုးရာသီ)ကာလတွင် ပျိုးပင်စိုက်ပျိုးမှုနည်းစနစ်များ၊ပျိုးပင်များ ကျေးရွာပြည်သူများအား လူထုဖြန့်ဝေခြင်း၊(၂)ပေအထက်အရိပ်ရပျိုးပင်များအားအခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း တက်ရောက်လာသူများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။တက်ရောက်လာသည့် ဒေသခံပြည်သူများသိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်၍တာဝန်ရှိသူများမှဖြေကြားခဲ့ပါကြောင်း သတင်းရရှိသည်။


