ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးသည် ပြည်မြို့နယ်၊ ခေတ္တရာပျိုးဥယျာဉ်သို့သွားရောက်စစ်ဆေး

(၁၁-၆-၂၀၂၄)ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးသည် ပြည်မြို့နယ်၊ ခေတ္တရာပျိုးဥယျာဉ်သို့သွားရောက်စစ်ဆေးခဲ့ပြီး ပျိုးဥယျာဉ်ရှိ ပျိုးပင်ကြီးများကို သစ်ပင်စိုက်ပျိုးချိန်တွင် ဖြန့်ဝေစိုက်ပျိုးသွားရန် (၀၉:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ပြည်ခရိုင်၊ လက်ထောက် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြည်မြို့နယ်/ခရိုင်ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လမ်းညွှန်မှုပြုခဲ့ပါ သည်- ပုံစံ(၈)သစ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် အမြန်လေလံတင်ရောင်းချရန်၊
လျှပ်စစ်မီးရပြီးကျေးရွာများတွင် ပထမဦးစားပေးအဖြစ် ရွာအဝင်လမ်းများ၊ ရွာတွင်းလမ်းများ၊ မီးတိုင်/မီးကြိုးနှင့်လွတ်ကင်းသည့် နေရာများတွင် သစ်ပင်များစိုက်ပျိုးဆောင်ရွက်သွား မည်ဖြစ်သဖြင့် ပျိုးပင်များအား မီးလင်းရေးကော်မတီနှင့် ချိတ်ဆက်၍ ဖြန့်ဝေနိုင်ရန်အတွက် လျှပ်စစ်ဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဝန်ထမ်းများစည်းစည်းလုံးလုံးညီညီညွတ်ညွတ် နေထိုင်ဆောင်ရွက်ရန်နှင့် ဝန်ထမ်းစည်းကမ်းနှင့်အညီလိုက်နာဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရှိရပါသည်။

date: 
Tuesday, June 11, 2024 - 15:15