သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သစ်တောဦးစီးဌာန အနေဖြင့် မြိတ်မြို့တွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အား (၁၁.၆.၂၀၂၄) ရက်နေ့ (အင်္ဂါနေ့)၊ နံနက် (၀၉:၀၀) နာရီ မှ (၁၀:၀၀) နာရီအချိန်ထိ၊ အ.ထ.က ၊အင်္ဂမော်ကျေးရွာ၊မြိတ်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သစ်တောနှင့်ရာသီဥတု ပြောင်းလဲမှု‌လျော့ချ‌ရေး၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အသိပညာ‌ပေးခြင်း ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့ပါသည်။ ဦးဇော်လင်း၊ သစ်‌တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မြိတ်ခရိုင်နှင့် ဦးဝေယံမြင့်ချို၊ သစ်တောဦးစီးဌာန၊ မြိတ်မြို့မှ ဟောပြောပို့ချခဲ့ပါသည်။
ဟောပြောပွဲသို့ (အ.ထ.က) အင်္ဂမော်ကျေးရွာ၊ မြိတ်မြို့မှ ဆရာ/ဆရာမ၊ ကျောင်းသူ/ ကျောင်းသားစုစုပေါင်း(၁၀၃)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ကျောင်းသား (၁)ဦးမှ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရာတွင်သစ်တောဦးစီးဌာနမှ မည့်သည့်ဥပဒေဖြင့် ထိန်းသိမ်း ကာကွယ်ခြင်းအား မေးမြန်းမှုအပေါ် ဦးစီးအရာရှိ ဦးဝေယံမြင့်ချို မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။ ဆက်လက်ပြီး အင်္ဂမော်ကျေးရွာတွင် စိုက်ပျိုးမည့် ကျေးရွာသုံး စိုက်ခင်း(၂)ဧကတွင် သစ်ပင်စနစ်တကျ စိုက်ပျိုးဆောင်ရွက်သည့် နည်းစနစ်အား တောအုပ် ကြီးဦးခင်စိုးမှ ကျောင်းသား/ကျောင်းသူများအား ရှင်းလင်းပြောကြားပြီး ဆရာ/ဆရာမ ကျောင်းသား/သူများနှင့်အတူ မန်ဂျန်ရှား (၂၄၂၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Tuesday, June 11, 2024 - 14:15