၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းအဆိုပြု လွှာများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ

၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းအဆိုပြု လွှာများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာ စကားပြောကြားပါသည်။ ညွှန်ကြားရေးမှူးချုပ်က သုတေသနလုပ်ငန်းများသည် မြေပြင် လက်တွေ့လုပ်ငန်းခွင်များတွင် အသုံးဝင်အကျိုးပြုမည့် သုတေသနဖြစ်ရန် လိုအပ်သကဲ့သို့ လက်ရှိကျင့်သုံးဆောင်ရွက်နေသော မူဝါဒများနှင့်အညီ လိုအပ်ချက်များနှင့်လည်း ကိုက်ညီရန် လိုအပ်ပါကြောင်း၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် သုတေသနလုပ်ငန်း များကိုလည်း ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လာမည့်ဘဏ္ဍာနှစ်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းအဆိုပြုလွှာများကို ယခုဘဏ္ဍာနှစ်မကုန်ခင် အတည်ပြုထားနိုင်ရေး ကြိုတင် ပြင်ဆင်ထားရန်နှင့် သုတေသနလုပ်ငန်းအဆိုပြု တင်ပြရာတွင်လည်း ပြည့်စုံရန်လိုအပ်ပါ ကြောင်း၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့် သုတေသနစာတမ်းဖတ်ပွဲတွင်လည်း ကဏ္ဍအားလုံးပါဝင်ဖို့ လိုအပ်ပါကြောင်း မှာကြားပါသည်။
ထို့နောက် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် သုတေသနလုပ်ငန်းအဆိုပြု လွှာ (၁၄) စောင်နှင့် ဆောင်ရွက်ဆဲ သုတေသနလုပ်ငန်းများအား သစ်တောသုတေသနဌာန၊ ညွှန်ကြားရေးမှူး ၊ ဦးစိုးတင့်-၁ မှလည်းကောင်း၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် မည့် သုတေသနလုပ်ငန်းအဆိုပြုလွှာများအား သုတေသီများမှလည်းကောင်း အသီးသီးရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းချက်များအပေါ် တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးတင်ပြကြ ပြီး ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများနှင့် သုတေသီများ တက်ရောက်ခဲ့ကြပါသည်။

date: 
Tuesday, June 11, 2024 - 18:15