ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် သစ်တောဦးစီးဌာနမှ Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး၊ ရေချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ
ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် (၂၀.၅.၂၀၂၆) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ကဝါးခကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ "Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး၊ ရေချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ" ကျင်းပဆောင်ရွက်ခဲ့ရာ တောအုပ်ကြီး ဦးစိုင်းစိုးသန်းဦး မှ ဦးဆောင်ဟောပြောခဲ့ရာ ဟောပြောပွဲသို့ ဒေသခံပြည်သူ ကျား (၂၁)ဦး၊ မ (၁၂)ဦး၊ စုစုပေါင်း အင်အား (၃၃)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။


date:
Thursday, May 21, 2026 - 15:15
