၃-၆-၂၀၂၄ ရက်နေ့မှ ၉-၆-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၅.၅၉၂၄)တန်၊ သစ်မာ (၂.၂၉၆၈)တန်၊ အခြား (၅၅.၉၁၀၆)တန်၊ စုစုပေါင်း (၈၃.၇၉၉၈)တန်၊ ယာဉ်/ ယန္တရား (၈)စီး၊ တရားခံ (၂၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၇-၆-၂၀၂၄ ရက်နေ့၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ဒလန့်ချွန်ဘိနယ်၊ ဒလန့်ချွန်ကျေးရွာအဝင် လမ်းဘေး/ ရွာအဝင်လမ်း၏မြောက်ဘက်နေရာ/ ဒလန့်ချွန်ကျေးရွာနေ ဒေါ်ဆန်းဝင်း၏နေအိမ် ဝင်းအတွင်း/ ရွာဘုန်းကြီးကျောင်း ဘုရားစေတီမြောက်ဘက်/ ဒလန့်ချွန်ကျေးရွာ-ရေပူသွား လှည်းလမ်းဘေး/ ဒလန့်ချွန်ကျေးရွာ ရထားသံလမ်းဘေးရှိ အဆောက်အဦ ဟောင်းတစ်ခုအတွင်း/ ရွာမြောက်ဘက်ရှိ လယ်ကွင်းများအနီးတို့မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ နဘဲ/ သံသေ/ ချဉ်ယုတ် သစ်လုံး/ ခွဲသား/ လုံးပတ်၃ပေအောက်သစ် စုစုပေါင်း (၁၃၂၆)လုံး/ချောင်း (၄၃.၉၉၉၈)တန်၊ အင်ဂျင် (၅)လုံးနှင့်ဆက်စပ်ပစ္စည်းများ၊ တရားခံ (၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, June 12, 2024 - 11:30