မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့၊ (၂၀၂၄)ခုနှစ်၊ မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

(၁၂.၆.၂၀၂၄)ရက်နေ့ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့၊ အ.မ.က ကြူလွိုင်ကျောင်းဝင်း အတွင်း(၂၀၂၄)ခုနှစ်၊ မိုးရာသီလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပရာ မိုင်းရှူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်မောင်လွင်ပါခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်း(၁၅၀)ဦး၊ သစ်တောဦးစီးဌာနမှ ဦးအောင်ဇော်မျိုး(လက်ထောက်ညွှန်ကြားရေးမှူး)ပါ(၇)ဦး၊ အ.မ.က ကြူလွိုင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ(၁၄၃)ဦး၊ စုစုပေါင်း(၃၀၀)ဦးဖြင့် ကျွန်း(၁၀၀)ပင်၊ စိန်ပန်းနီ(၂၀၀)ပင်၊ စိန်ပန်းပြာ(၂၀၀)ပင်၊ ရေသင်းဝင်(၅၀၀)ပင်၊ မဲဇလီ(၅၀၀)ပင်၊ စုစုပေါင်း(၁၅၀၀)ပင် စိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Wednesday, June 12, 2024 - 15:15