၁၀-၅-၂၀၂၆ ရက်နေ့မှ ၁၇-၅-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ (၁၁-၅-၂၀၂၆) ရက်နေ့မှ (၁၇-၅-၂၀၂၆) ရက်နေ့အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၀၀၀၄ ) တန်၊ သစ်မာ (၈.၇၇၈၀) တန်၊ အခြား (၄၄.၄၇၇၄ )တန်၊ စုစုပေါင်း (၆၆.၂၅၅၈ )တန်၊ ယာဉ်/ယန္တရား (၁၄)စီး၊ တရားခံ (၆)ဦး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက်အများဆုံး ဖမ်းဆီးရမိမှုမှာ (၁၁-၅-၂၀၂၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲဘိနယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၉/၆)မိုင်၊ လမ်းအနောက်ဘက်(၂) ဖာလုံခန့်အကွာနေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ မဏိဩဇာ/ သစ်ကတိုး/သစ်ကဇော်/ သတီ/ လယ်ဇ/ တောင်ဖက်ဝန်း/ သင်္ဂဒူ သစ်လုံး/ ခွဲခြမ်း/ လုံးပတ်(၃)ပေအောက်သစ် စုစုပေါင်း (၃၃) လုံး/ခြမ်း (၁၁.၃၆၁၀ ) တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Thursday, May 21, 2026 - 15:45