မော်လမြိုင်ခရိုင်၊ မော်လမြိုင်(တွဲဘက်) ချောင်းဆုံမြို့နယ်၊သစ်တောဉီးစီးဌာနမှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးနှင့် ရေချွေတာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၂၀.၅.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မော်လမြိုင် (တွဲဘက်) ချောင်းဆုံမြို့နယ်၊ သစ်တောဉီးစီးဌာနမှ စော်ကဲကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် ရေချွေတာရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ စော်ကဲကျေးရွာအုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား(၉)ဦး မ(၄၅) ဦးနှင့် သစ်တော ဝန်ထမ်းကျား(၅)ဦး၊ စုစုပေါင်း(၅၉)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် မော်လမြိုင်(တွဲဘက်) ချောင်းဆုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက်နိုင်-၂ မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့် လည်းကောင်း၊ တောအုပ်ကြီး ဦးတင့်နိုင်ဇော်မှ "ရေချွေတာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


