မြစ်ကြီးနားမြို့ Golden Ayar ဆိပ်ကမ်း၌ ကမ်းပါးပြိုထိန်းသိမ်းရေးသစ်ပင်စိုက်ပျိုးပွဲကျင်းပ

(၁၁.၆.၂၀၂၄ ) ရက်နေ့၊ ( ၁၆:၃၀ ) နာရီအချိန်တွင် မြစ်ကြီးနားမြို့ Golden Ayar ဆိပ်ကမ်း၌ကမ်းပါးပြိုထိန်းသိမ်းရေးသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြစ်ကြီးနားမြို့ Clean & Green အဖွဲ့ နှင့် ပေးဆပ်သူလူမူကူညီရေးအသင်းတို့ဖြင့် စုစုပေါင်းအင်အား (၁၁၀) ဦးတက်ရောက်ခဲ့ကြပြီး ယမနေ(၁၁၀) ပင်အား တပျော်တပါးစိုက်ပျိုးခဲ့ကြပါသည်။

date: 
Wednesday, June 12, 2024 - 15:15