စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ တမူးမြို့နယ်၊ စော်ဘွား(၁၁)ရပ်ကွက်၊ အေးချမ်းဝေစည်ဘုန်းကြီးကျောင်း၌သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ တမူးမြို့နယ်၊ စော်ဘွား(၁၁)ရပ်ကွက်၊ အေးချမ်းဝေစည်ဘုန်းကြီးကျောင်း၌ (၂၁.၅.၂၀၂၆)ရက်နေ့၊ နံနက်(၇:၄၅)နာရီ အချိန်တွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ဒေသခံပြည်သူ(၃၀)ဦး၊မြို့နယ် သစ်တောဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၃၅)ဦးတက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် တမူးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကျော်စိုးမှ သစ်တောသစ်ပင်များ၏ အရေးပါမှု အကြောင်းအရင်းများ၊အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်များပျက်စီးပြုန်းတီးက ကြုံတွေ့နိုင်သည့်ဆိုးကျိုးများ၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များတွင် ပြည်သူကဏ္ဍအရေးပါမှုများ၊ ဆက်လက်၍ တောမီးလောင်ကျွမ်းမှု အခြေခံ အကြောင်းအရင်းများနှင့် ကာကွယ်ထိန်းသိမ်းရေး နည်းလမ်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှု အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များကြောင့်လေထုညစ်ညမ်းမှု၏ဆိုးကျိုးများကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများမှ မေးမြန်းသော မေးခွန်းများအားရှင်းလင်းဖြေကြားခြင်းများ၊ ဆက်လက်၍ ယခုနှစ်တွင် တမူးခရိုင် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သစ်တောလုပ်ငန်းများ‌ေပြာကြားခြင်းနှင့် တမူးမြို့နယ် မြို့မပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေလျက်ရှိကြောင်း‌ေပြာကြားခဲ့ပါ‌‌ေကြာင်းသတင်းရရှိသည်။

date: 
Friday, May 22, 2026 - 09:30