မော်လမြိုင်ခရိုင်၊ မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့နယ်၊သစ်တောဉီးစီးဌာနမှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးနှင့် ရေချွေတာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၂၁.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ချောင်းဆုံအရှေ့ရပ်ကွက်၊ ခရစ်ယာန်ကျောင်းဝင်း၌"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် ရေချွေတာရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ ချောင်းဆုံအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား(၅)ဦး မ(၆၂)ဦးနှင့် သစ်တောဝန်ထမ်းကျား(၅)ဦး၊ စုစုပေါင်း(၇၂)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက်နိုင်-၂ မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေးခေါင်းစဥ်ဖြင့် လည်းကောင်း၊ တောအုပ်ကြီး ဦးတင့်နိုင်ဇော်မှ ရေချွေတာရေးခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


