တွံ‌တေးခရိုင်၊ ဒလမြို့နယ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၁၃.၆.၂၀၂၄ ရက်နေ့၊ (၀၈၃၀)နာရီအချိန်က တွံ‌တေးခရိုင်၊ဒလမြို့နယ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ထော်အောက်-ညောင်ငုတ္ထိုဆက်သွယ် ရေးလမ်းဘေး၌ ကျင်းပပြုလုပ်ခဲ့ ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေး တပ်ဖွဲ့မှူး၊ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တော ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊‌ ကျောင်းသူ/ ကျောင်းသားများနှင့်ပြည်သူများ စုစုပေါင်းအင်အား (၂၅၀) တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား (၁၅၀)ပင်၊ ပျဉ်းမ(၁၀၀)ပင်၊ ပျဉ်းကတိုး(၅၀)ပင်၊ မဟော်ဂနီ(၃၅)ပင်၊ ခရေ(၃၅)ပင်၊ ကံ့‌ကော်(၃၀)ပင်၊ စုစုပေါင်းပျိုးပင်(၄၀၀)ပင် တပျော်တပါးစိုက်ပျိုးခဲ့ကြပါ‌ကြောင်း သိရှိ ရပါသည်။

date: 
Thursday, June 13, 2024 - 21:30