ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊လပွတ္တာမြို့နယ် စလူဆိပ်ကျေးရွာအုပ်စု၊ ပြင်ကနုကုန်းကျေးရွာ ရှပ်တာတွင်လပွတ္တာမြို့နယ်သစ်တောဦးစီးဌာန၊မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေးအသိပညာပေးဟောပြောပွဲကိုကျင်းပ
(၂၁-၅-၂၀၂၆) ရက်နေ့ ၊နံနက်(၀၉:၃၀)နာရီအချိန်၊ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊လပွတ္တာမြို့နယ် စလူဆိပ်ကျေးရွာအုပ်စု၊ ပြင်ကနုကုန်းကျေးရွာ ရှပ်တာတွင် လပွတ္တာမြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးကိုကိုအောင်မှ မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ပါသည်။အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း ၂ ဦး၊ကျေးရွာသား(၃၁) ဦး၊ကျေးရွာသူ(၃၂)ဦး ၊စုစုပေါင်း(၆၅)ဦးတက်ရောက်ခဲ့ပြီးမီးခိုး/မြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုး/မြူငွေ့ အဓိပ္ပါယ်၊ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကျိုးကျေးဇူး စသည့်အကြောင်းအရာများဆွေးနွေးးအသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

