ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို လှည်းကူးမြို့နယ်၊ သမဝါယမကောလိပ်ဝန်း(ဖောင်ကြီး)တွင် (၁၄-၆-၂၀၂၄) ရက်နေ့ (၀၇:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်ဇနီး၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့်ဇနီးများ၊ ဒုတိယတိုင်းမှူးနှင့်တပ်မတော်အရာရှိကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာန ဆိုင်ရာများ ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ ကျောင်းသူ/သားများ၊ သမကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ ကျောင်းသူ/သားများ၊ CFDTC ကျောင်းအုပ် ကြီးနှင့်ဝန်ထမ်းများ ၊ အခြေခံပညာကျောင်းများမှ ကျောင်းသူ/ကျောင်းသားများ၊ အသင်းအဖွဲ့ များ ၊ ဒေသခံပြည်သူများ ၊ သစ်တောဝန်ထမ်းများ စုစုပေါင်းအင်အား (၁၂၆၄) ဦး တက်ရောက် ၍ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ပျဉ်းမ၊ ခရေ ၊ စိန်ပန်း၊ မန်ဂျန်ရှား၊ မာလာ လူးကား စုစုပေါင်း သစ်မျိုး(၉) မျိုး အပင်ပေါင်း (၆၂၇၃)ပင်ကို တပျော်တပါး စိုက်ပျိုးခဲ့ ကြပါကြောင်း သိရှိရပါသည်။

date: 
Friday, June 14, 2024 - 13:00