ကယားပြည်နယ်၊သစ်တောဦးစီးဌာနနှင့် လွိုင်ကော်မြို့နယ်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ပူးပေါင်း ၍သစ်တောထိန်းသိမ်းရေး၊ မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

(၂၁.၅.၂၀၂၆)ရက်နေ့၊ (၀၉:၀၀)နာ ရီအချိန်၊‌လွိုင်ကော်မြို့နယ်၊လွယ်ထွဲကျေးရွာ ၊ ဘုန်းကြီးကျောင်းတွင် "သစ်တောထိန်းသိမ်းရေး၊မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပ ညာပေးခြင်း ဟောပြောပွဲ´´ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါ ကျေးရွာသူ/သားများ နှင့် လွိုင်ကော်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါ သစ်တောဝန်ထမ်း (၄)ဦး၊မြို့နယ်အထွေိထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်း(၁)ဦး ၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မှ ဝန်ထမ်း(၂)ဦး ၊ကျေးရွာသူ (၆၅)ဦး၊ ကျေးရွာသား(၄၆)ဦး ၊စုစုပေါင်း(၁၁၁) ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် လွိုင်ကော်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လွင်မှသစ်တောထိန်းသိမ်းရေးနှင့်မီးခိုး မြူငွေ့လျော့ချရေး ခေါင်းစဉ်ဖြင့်ဟောပြောဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျေးရွာသူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည််။

date: 
Friday, May 22, 2026 - 13:45