လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာဓမ္မာရုံ၌ သစ်တောထိန်းသိမ်းရေး၊မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲကျင်းပ

(၂၁-၅-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီအချိန််၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာ ဓမ္မာရုံ၌ သစ်တောထိန်းသိမ်းရေး၊မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲ´´ ကျင်းပပြုလုပ်ရာဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါ ကျေးရွာသူ (၇၅)ဦး၊ ကျေးရွာသား(၅၃)ဦး စုစုပေါင်း (၁၂၈)ဦး တက်ရောက်ခဲ့ကြပြီး လွိုင်ကော်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လွင်မှသစ်တောထိန်းသိမ်းရေးနှင့်မီးခိုး မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့်ဟောပြော ဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျေးရွာသူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, May 22, 2026 - 13:45