မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား (၁၅-၆-၂၀၂၄)ရက်နေ့၊ (၀၇:၀၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ အခြေခံပညာအထက် တန်းကျောင်း(ယန္တရား)ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တိုင်း/ ခရိုင်/ မြို့နယ်ဝန်ထမ်းများ စုစုပေါင်း အင်အား(၇၀၀)ဦးဖြင့် ကျွန်း၊ မယ်ဇယ်၊ သင်္ဘောတည်၊ တပေဘူတ၊ ပိတောက်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ကုက္ကိုလ်၊ မယ်ဇလီ၊ တမာ၊ ယင်းမာ၊ မန်ကျည်း၊ ခရေ စသည့် သစ်မျိုး(၁၃)မျိုး၊ စုစုပေါင်း (၅၅၂)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

date: 
Saturday, June 15, 2024 - 19:15