မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ"သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မ​ကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ကြီးမှူး၍ (၂၃-၅-၂၀၂၆)ရက်နေ့ (၁၅:၃၀)နာရီအချိန် တောင်တွင်းကြီးမြို့နယ်၊တလုပ်ကုန်းကျေးရွာအုပ်စု၊ရွာ​လေးကုန်းကျေးရွာ၊အုပ်​ရေးမှူးရုံးဝန်းတွင်"သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ဦးထွန်းထွန်းဝင်း(တောအုပ်ကြီး)မှ သစ်​တောများထိန်းသိမ်းကာကွယ်​ခြင်း​ကြောင့် သစ်တောများမှရရှိနိုင်​သည့်အကျိုးကျေးဇူးများ၊မြေအောက်ရေဖြစ်ပေါ်လာပုံ၊ရေချွေတာသုံးစွဲသည့်နည်းလမ်းများ ၊ရေသယံဇာတထိန်းသိမ်းရေးနည်းစနစ်များ၊ ပျိုးပင်စိုက်ပျိုးနည်းစနစ်များနှင့်၂၀၂၆"မိုးရာသီကာလ"​တွင် ကျေးရွာ ပြည်သူလူထုများအား (၂)ပေအထက်အရိပ်ရပျိုးပင်များ​အခမဲ့ဖြန့်ဝေသွားမည်​ဖြစ်​ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးသူရမောင်မောင်(ဒု-ဦးစီး)မှ "မီးခိုး/မြူငွေ့လျှော့ချရေးအတွက် (Fire Hotsports)များလျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊လယ်ယာမြေများ မီးရှို့ခြင်းမပြုလုပ်ရန် မီးခိုး/မြူငွေ့မှ လေထု ညစ်ညမ်းမှု ၏ဆိုးကျိုးများ၊မီးခိုး/မြူငွေ့ထိန်းချုပ်ရေးဆောင်ရွက်မှုအခြေအနေများအားလည်းကောင်းဟောပြောဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ ပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း(၃)ဦး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်း(၃)ဦး ၊ရွာ​လေးကုန်း​ ကျေးရွာ၊အုပ်ချုပ်​ရေးမှူးပါ(၃)ဦး၊ဒေသခံပြည်သူ ကျား(၁၈)ဦး၊ မ(၃၂)ဦး၊ စုစုပေါင်း (၅၉)ဦး တက််ရောက်ခဲ့ပါ‌ေကြာင်းသတင်းရရှိသည်။

date: 
Sunday, May 24, 2026 - 11:30