ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့မ(၁)ဘိနယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာမြတ်မုနိဓမ္မာရုံ၌ သစ်တောဦးစီးဌာနမှူးရုံးမှမီးခိုး/မြူငွေ့လျော့ချရေး၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကိုကျင်းပ

(၂၃-၅-၂၀၂၆) ရက်နေ့ ၊နေ့လည်(၁၃:၃၀)နာရီအချိန်၊ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့မ(၁)ဘိနယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာမြတ်မုနိဓမ္မာရုံ၌ သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးသိန်းအောင်မှ မီးခိုး/မြူငွေ့လျော့ချရေး၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ပါသည်။အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း (၃) ဦး၊ ရပ်ကွက်သား( ၂၇) ဦး၊ ရပ်ကွက်သူ (၅) ဦး ၊စုစုပေါင်း(၃၅)ဦးတက်ရောက်ခဲ့ပြီးမီးခိုး/မြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုး/မြူငွေ့ အဓိပ္ပါယ်၊ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကျိုးကျေးဇူး စသည့်အကြောင်းအရာများဆွေးနွေးအသိပညာပေးဟောပြောခဲ့ပါကြောင်း သင်းရရှိသည်။

date: 
Monday, May 25, 2026 - 13:45