စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊တမူးမြို့နယ်၊ စော်ဘွား(၁၁)ရပ်ကွက်၊ ဗောဓိတောရဘုန်းကြီးကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊တမူးမြို့နယ်၊ စော်ဘွား(၁၁)ရပ်ကွက်၊ ဗောဓိေတာရဘုန်းကြီးကျောင်း၌ (၂၄.၅.၂၀၂၆)ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင်သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာဒေသခံပြည်သူ(၄၀)ဦး၊ မြို့နယ်သစ်တောဝန်ထမ်း (၁၀)ဦး၊ စုစုပေါင်း(၅၀) ဦးတက်ရောက်ခဲ့ပါသည်။ဆွေးနွေးဟောပြောပွဲတွင် တမူးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကျော်စိုးမှ သစ်တောသစ်ပင်များ၏ အရေးပါမှု အကြောင်းအရင်းများနှင့်အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်များပျက်စီးပြုန်းတီးက ကြုံတွေ့နိုင်သည့် ဆိုးကျိုးများ၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များတွင် ပြည်သူကဏ္ဍအရေးပါကြောင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်ေတာစိုက်ခင်းများနှင့်ပတ်သက်၍ ဆွေနွေးပြောကြားခြင်း၊ဆက်လက်၍ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများနှင့် ကာကွယ်ထိန်းသိမ်းရေးနည်းလမ်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှု အခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များကြောင့်လေထုညစ်ညမ်းမှု၏ဆိုးကျိုးများကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများမှမေးမြန်းသော မေးခွန်းများအားရှင်းလင်းဖြေကြားခြင်းများ၊ ဆက်လက်၍ တရားမဝင်သစ်ထုတ်လုပ်မှုလျော့ပပျောက်ရေးနှင့်ပတ်သက်၍ အသိပာပေးပြောကြားခြင်း၊ သစ်တောဥပဒေ များရှင်းလင်းပြောကြားခြင်း၊ တရားမဝင်သစ်ဖမ်းဆီးရေးတွင်ပြည်သူများ ဝိုင်းဝန်းကူညီ သတင်းပေးပြောကြာရန်ပြောကြားခြင်းနှင့်
တမူးခရိုင် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သစ်တောလုပ်ငန်းများေပြာကြားခြင်း၊ တမူးမြို့နယ် မြို့မပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေလျက်ရှိကြောင်းသတင်းရရှိသည်။

