ကျောက်ဆည်ခရိုင်၊တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှစဉ့်ကိုင်မြို့၊စဉ့်ကိုင်ဘိနယ်မှ သဘာဝပတ်ကျင်ထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊မီးခိုမြူငွေ့လျှော့ချရေး၊ရေချွေတာရေးနှင့် တရားဝင်သစ်ထုတ်လုပ်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
ကျောက်ဆည်ခရိုင်၊တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ စဉ့်ကိုင်မြို့၊စဉ့်ကိုင်ဘိနယ်မှ သဘာဝပတ်ကျင်ထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊မီးခိုမြူငွေ့လျှော့ချရေး၊ရေချွေတာရေးနှင့် တရားဝင်သစ်ထုတ်လုပ်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကို (၂၄.၅.၂၀၂၆)ရက်နေ့(၀၇:၀၀)နာရီတွင် ညောင်ပင်ကြီးကျေးရွာအုပ်စု၊ထန်းသုံးပင်ကျေးရွာ၊အမက ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ သစ်တောဝန်ထမ်း(၃)ဦး၊ဒေသခံပြည်သူ ကျား(၁၅)ဦး၊မ (၃၂)ဦး၊စုစုပေါင်း(၅၀)ဦးတက်ရောက်ပါသည်။အဆိုပါဟောပြောပွဲတွင် စဉ့်ကိုင်ဘိနယ်တာဝန်ခံ တောအုပ် ဦးတင့်လွင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊သစ်တောပြုန်းတီးမှုကြောင့် ခံစားနေရသော ဆိုးကျိုးများ၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးကို ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်းရေး၊ရေသယံဇာတများထိန်းသိမ်းရေး၏အရေးပါမှုများကို ဟောပြောဆွေးခဲ့ပါသည်။တောအုပ် ဦးကျော်မင်းမှသစ်ပင်သစ်တောများဖြင့် အိမ်ခြံဝင်းနှင့်ရပ်ကွက်ကျေးရွာများ၊လမ်းများမှသည် မြို့ပြများအထိ သစ်တောဖုံးလွှမ်းမှုများတိုးပွားလာစေရေးနှင့် သစ်ပင်ပန်းမန်များကို အင်တိုက်အားတိုက်အရှိန်အဟုန်ဖြင့် စိုက်ပျိုးကာ မိမိတို့ကျေးရွာများအလှဆင်ကြရန် ဟောပြောဆွေးနွေးခဲ့ပါသည်။တောအုပ် ဦးဆွေဦးမှ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိအမြင်များ၊တောမီးကာကွယ်ရေးဆိုင်ရာအကျိုးကျေးဇူးများ၊မိမိတို့ကျေးရွာနှင့်ပတ်ဝန်းကျင်ကို မမျှော်လင့်သော မီးဘေးအန္တာရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ၊တွေ့ကြုံလာပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ၍(၀၈:၀၀)နာရီတွင် ဟောပြောပွဲပြီးစီးကြောင်းသတင်းရရှိသည်။



