ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ၊ ရွာဦးဓမ္မာရုံတွင် (၇.၅.၂၀၂၆)ရက်နေ့၊ (၀၉၀၀) အချိန်၌ သစ်တောထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ လှည်းကူးမြို့နယ်၊ သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်ပါသစ်တောဝန်ထမ်း(၅)ဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာလင်း ပါ(၃)ဦး၊ ဖောင်ကြီးနယ်မြေ မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးဝင်းဦးပါ(၆)ဦး၊ လှည်းကူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းပါ(၂)ဦး၊ လှည်းကူးခရိုင် အမျိုး သမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နှင်းနှင်းစိုးပါ(၁၀)ဦး၊ လှည်းကူးမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးမိသူပါ(၁၀)ဦး၊ မင်းကုန်းကျေးရွာအုပ်စုမှ ဒေသခံ ပြည်သူ ကျား(၅၆)ဦး၊ မ(၂၁)ဦး၊ စုစုပေါင်း(၁၁၃)ဦးတို့ တက်ရောက်ခဲ့ပါသည်။ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်က သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တောများက ပေးစွမ်းနိုင်သည့် ဂေဟစနစ် ဆိုင်ရာအကျိုးကျေးဇူးများအကြောင်း၊ သစ်တောနယ်မြေများအတွင်း တောမီးရှို့ခြင်းနှင့် ကျူးကျော်ဝင်ရောက်၍ စိုက်ပျိုးလုပ်ကိုင်ပါက ဥပဒေကြောင်းအရ အရေးယူခံနိုင်ရသည့် အကြောင်း၊ မီးခိုးမြူငွေ့လျှော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် အမှိုက်များ၊ ရိုးပြတ်တောများအား မီးရှို့ခြင်းများမပြုလုပ်ရန်နှင့် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများအကြောင်းတို့အား တက်ရောက်လာသည့် ဒေသခံပြည်သူများအား အသိပညာပေး ဟောပြော၍ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်ရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဥမ္မာလင်းက လှည်းကူး မြို့နယ်အတွင်း Fire Hotspots များ ဖြစ်ပေါ်မှုအား လျော့နည်းစေရန်အတွက် ဆောင်ရွက်ရန် အချက်များ၊ ကျေးရွာများအတွင်း အမှိုက်များအား စနစ်တကျစွန့်ပစ်ရန်နှင့် အမှိုက်မီးရှို့ခြင်းများ ဆောင်ရွက်ခြင်းမပြုဘဲ မြေဩဇာပြုလုပ်ရန်အတွက် နည်းစနစ်များနှင့် "မီးခိုးမြူငွေ့ညစ်ညမ်းမှု အန္တရာယ်နှင့် လေထုညစ်ညမ်းမှုအကြောင်းသိကောင်းစရာ" ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြော၍ လက်ကမ်းစာစောင်နှင့် Recycle Bag များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိသည်။
