ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် သစ်တောဦးစီး ဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

(၁၇-၆-၂၀၂၄)ရက်နေ့၊ (၀၇:၃၀)အချိန်တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် သစ်တောဦးစီး ဌာန၊ ဖျာပုံမြို့ အ.ထ.က(၁)ဘောလုံးကွင်း၀န်းအတွင်း ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှုတိုက်ဖျက် ရေးနေ့ အထိန်းအမှတ် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ် ခဲ့ရာ အခမ်းအနားသို့ ခစဖဥက္ကဌ ဦးတင်လင်းနှင့် ဇနီး(ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ) ဒေါ်ခင်စန္ဒာဦး၊ မစဖ ဥက္ကဌ ဦးသက်‌ထား‌မောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ထွေ/ အုပ်ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦး‌ကျော်ဇံရွှေနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား(၁၅၀)ဦး တက်ရောက်ခဲ့ပြီး မန်ဂျန်ရှား(၁၅၀)၊ ပျဥ်းကတိုး(၅၀)၊ မယ်ဇလီ (၅၀)၊ ယမနေ(၅၀)၊ ကဗွီး(၅၀)၊ စိန်ပန်း(၅၀)၊ ခရေ(၅၀)၊ မဟော်ဂနီ (၅၀)ပင်၊ စုစုပေါင်းပျိုးပင်(၅၀၀)အားစိုက်ပျိုးခဲ့ပါသည်။

date: 
Monday, June 17, 2024 - 15:00