ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဇီးအုပ်‌ကျေးရွာတောင်သူလယ်သမားသင်တန်းကျောင်းတွင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

၂၅.၅.၂၀၂၆ ရက်နေ့ ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဇီးအုပ်‌ကျေးရွာတောင်သူ လယ်သမားသင်တန်းကျောင်းတွင်ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ(၈)မြို့နယ်မှ တောင်သူလယ်သမား(၃၉)ဦးအား၂၀၂၆-၂၀၂၇ ခုနှစ်၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအမှတ်စဉ်(၁)သင်တန်း ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းတွင် သစ်တောဦးစီးဌာန၊ ပြည်ခရိုင်၊ ခရိုင်သစ်တောဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်စိုးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါကြောင်းနှင့် သင်တန်းသားများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, May 29, 2026 - 11:30