စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၁၇.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် ရေဦးမြို့၊အ.ထ.က(၁)ကျောင်းဝင်းအတွင်း မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ ရေဦးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးမင်းသူရ ဦးဆောင်တက်ရောက်ခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ် မစဖ ဥက္ကဌ ဦးမင်းနိုင်ထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး အမြင့်(၂)ပေအထက်ရှိသောကျွန်း (၁၀၀)ပင်၊ ခရေ (၁၀၀)ပင်၊ စုစုပေါင်း (၂၀၀)ပင်အားစုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

date: 
Wednesday, June 19, 2024 - 10:15