မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ ရေချွေတာသုံးစွဲရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၅-၅-၂၀၂၆)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊စားသုံးသူ‌ေရးရာဦးစီးဌာနရုံးအတွင်း ရေချွှေတာသုံးစွဲရေး“ဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)”ကျင်းပရာ MSME လုပ်ငန်းရှင်များ၊သစ်တောဝန်ထမ်းများစုစုပေါင်း (၄၅)ဦး တက်ရောက်ပါသည်။အ ခမ်းအနားတွင် မြင်းခြံခရိုင်၊‌‌ ကျောက်ပန်း‌ေတာင်းမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဝင်း‌ေဇာ်မှ ရေချွေတာသုံးစွဲရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကိုအသိပညာပေးဟောပြောခဲ့ပါသည်။အခမ်းအနားအား (၁၀:၁၅)နာရီတွင်ပြီးစီးပါကြောင်း သတင်းရရှိသည်။

date: 
Friday, May 29, 2026 - 12:15