စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်၊ ကောယားကျေးရွာအုပ်စု၊တုံလုံကျေးရွာ၊ဘုန်းတော်ကြီးကျောင်း၌သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ကောယားကျေးရွာအုပ်စု၊ တုံလုံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌(၂၆.၅.၂၀၂၆) ရက်နေ့၊(၁၂:၃၀)နာရီအချိန်တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာသူ/သား(၄၅)ဦး၊မြို့နယ် သစ်တောဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၄၈) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲတွင် ဦးစီးအရာရှိ၊ ဦးသန်းနိုင်-၄ မှ တောမီးလောင် ကျွမ်းမှု ဖြစ်ပေါ်ရသည့် အခြေခံအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့ များကြောင့် လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများအား အသိပညာပေး ဟောပြောခဲ့ပါသည်။ဆက်လက်၍ တောအုပ်ကြီး၊ ဦးဇေယျာက သစ်တောသစ်ပင်များ၏ အရေးပါမှု အကြောင်းအရင်းများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။



