သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ CF Unit ၁/ ၂၀၂၄ ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ CF Unit ၁/ ၂၀၂၄ ကြိမ်မြောက် အစည်းအဝေးကို (၁၉-၆-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ အင်ကြင်း ခန်းမ၊ နေပြည်တော်၌ ကျင်းပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦး‌ဖေချစ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)က ဦးစီးရုံးချုပ် CF Unit ကို ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)ဥက္ကဌအဖြစ် ဦးဆောင်၍ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများပါဝင်သည့် အဖွဲ့ဝင်(၃၄)ဦးဖြင့် ဖွဲ့စည်းထားရှိပြီးဖြစ်၍၊ အဖွဲ့ဝင်အားလုံး ပိုမိုပူးပေါင်းပါဝင်ဖို့လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ အောင်မြင်ရန်လိုအပ်သလို သဘာဝတောထိန်းလုပ်ငန်းများ သတ်မှတ်ရာသီအလိုက် လုပ်ငန်းများ မှန်ကန်စွာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ CF Unit အဖွဲ့၏တာဝန်ဝတ္တရားများသတ်မှတ်ထားပြီးဖြစ်၍ အဖွဲ့ဝင်များအားလုံးအလေးထား အားထည့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားပါသည်။
ထို့နောက် ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း၏ ၅/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် (၂၀၂၄ ခုနှစ် မိုးရာသီ) ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတိုးတက်မှု၊ ဦးစီးရုံးချုပ်၊ CF Unit ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ၊ Community Forest Based Tourism (CBT)လုပ်ထုံးလုပ်နည်းဖော်ထုတ်မှုအခြေအနေ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် တက်ရောက်သူများမှ အကြံပြုဆွေးနွေး တင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)မှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပါသည်။
အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)၊ ဦးစီးရုံးချုပ် CF Unit အဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးများနှင့် CF Unit အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

date: 
Wednesday, June 19, 2024 - 14:30