ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
(၂၀.၆.၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ထယ်သွန်းကျေးရွာ၊ ကုံလုံစဉ့်စံကျောင်းအနီး၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနား သို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများ စုစုပေါင်း(၅၄၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရန် သစ်ပင်များ ပေးအပ်ခြင်း၊ တက်ရောက်လာသူများက သစ်ပင်စိုက်ပျိုးမည့် နေရာများတွင် နေရာယူ၍ ထင်းရှူး (၁၉၀)ပင်၊ စိန်ပန်းနီ (၉၀) ပင်၊ စိန်ပန်းပြာ (၁၉၀) ပင်၊ လင်းလွန်း(၁၉၀)ပင်၊ မျောက်ငို(၂၆၀)ပင် စုစုပေါင်း (၉၂၀)ပင်တို့အား စုပေါင်း စိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-6c557b791e99486e2eb3c18b59fc3554-V.jpg?itok=Q9A6NWd9)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-54d3d1e44ab0680d88c46ba20b0df3ed-V.jpg?itok=Tm6Jywj0)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-6390af5377a5a06babd7cd8a21fb48d7-V.jpg?itok=3IKo7SAo)
![](https://www.forestdepartment.gov.mm/sites/default/files/styles/300x194/public/detail/IMG-4c2a159be72692de605858c178dc571b-V.jpg?itok=HlWB5-pw)