တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂၆-၅-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ၌ မြိတ်မြို့နယ်၊ကျောက်ဖျာကျေးရွာအုပ်စု၊ကျောက်ဖျာကျေးရွာ၊အုပ်ချုပ်‌ရေးမှူးရုံးတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာရာအိမ်မှူးများနှင့်‌ရပ်မိရပ်ဖများ၊ကျေးရွာသူ/သားများ ကျား(၄၀)ဦး၊ မ( ၁၅)ဦး သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၇)ဦး၊ စုစုပေါင်း (၆၂)ဦးတက်ရောက်ခဲ့ကြပါသည်။မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးခင်‌မောင်ဆန်းမှ တက်ရောက်လာသူများအား"မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ "အကြောင်းအရာများကို အသိပညာ‌ပေးဟောပြောခဲ့ပါသည်။ တက်ရောက်လာသူ ကျေးရွာသားမှ သိရှိလို့သည့်များကို မေးမြန်းရာ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, May 29, 2026 - 12:45