တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ စ်တောဦးစီးဌာန ၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာမြို့နယ်အဆင့်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၂၇-၅-၂၀၂၆)ရက်နေ့၊နေ့လည် (၁၃:၃၀)နာရီ၌ ဘုတ်ပြင်းမြို့နယ်၊​ ကမာချောင်းကျေးရွာအုပ်စု၊ ကျွေးချောင်းကျေးရွာဇရပ်တွင် ကျင်းပဆောင်ရွက်ခဲ့ရာဘုတ်​ပြ င်းမြို့နယ်၊ ကျွေးချောင်းကျေးရွာ၊ရပ်မိရပ်ဖ ဉီးမောင်ရွှေနှင့်၊ဒေသခံများ ၊အမျိုးသား( ၆၀)ဉီး/အမျိုးသမီး( ၂၀)ဉီး ၊ စုစုပေါင်း(၈၀) ဉီး ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၃)ဉီး၊စုစုပေါင်း (၈၃)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာန၊ဉီးစီးအရာရှိ၊ ဦးစောလူးသယ်ရွှေမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် ​မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးဆွေးနွေးဟောပြော ခြင်းဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်း​​ ကြောင့်သဘာဝ​ ဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာ များ၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, May 29, 2026 - 12:45