ပြည်ခရိုင်၊ရွေတောင်မြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောထိန်းသိန်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား(၂၇.၅.၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃း၀၀)အချိန် ရွှေတောင်မြို့နယ်၊ ကျွဲတလင်းအုပ်စု၊ ရွာသစ်ကျေးရွာတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံကျေးရွာမှ ကျေးရွာသူ/သား၂၅ ဦး၊ကျား(၁၂)ဦး မ(၁၃) ဦး) သစ်တောဦးစီးဌာနမှ ၀န်ထမ်း(၄)ဦး၊ စုစုပေါင်း(၂၉)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရွှေတောင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်စက်ပိုင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပြောက်ရေးဆိုင်ရာများဟောပြောခြင်းနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအကြောင်း အရာများကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

