စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာန အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ် တစ်ရွာ(၂)ဧကစိုက်ခင်း သစ်ပင်စိုက်ပျိုးပွဲကိုကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာန မှ(၂၁.၆.၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုနေ့ အထိမ်းအမှတ် အေးသာယာကျေးရွာ တောင်ဘက် သစ်ချောက်မိုင်းကြိုးဝိုင်း အတွင်း တစ်ရွာ(၂)ဧကစိုက်ခင်း သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပဆောင်ရွက် ရာ ခရိုင်/မြို့နယ် သစ်တောဝန်ထမ်းများ၊ အေးသာယာကျေးရွာတာဝန်ခံနှင့် ကျေးရွာသူကျေးရွာသားများ၊ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ပြီး အမြင့်(၂)ပေအထက်ရှိသော မဲဇလီ(၂၀၀၀)ပင်၊ တမာ(၄၂၀)ပင် စုစုပေါင်း (၂၄၂၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရှိရပါသည်။

date: 
Saturday, June 22, 2024 - 12:15