ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ၂၀၂၄ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲကို ဇွန်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာတွင်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သစ်တော ဦးစီးဌာနဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ (၂၅၂)ဦးတို့က ပိတောက်(၅၀)ပင်၊ မဟောဂနီ(၇၅)ပင်၊ ခရေ(၉၅)ပင်၊ ထိုင်ဝမ်ဘန်ဒါ(၃၀) ပင်၊ မန်ဂျန်ရှား(၃၉၆)ပင်၊ မအူ(၃၀)ပင်၊ ပျဉ်းမ(၅၀)ပင်နှင့် ပျဉ်းကတိုး(၃)ပင်၊ စုစုပေါင်း ပျိုးပင်(၇၂၉)ပင် ကို တပျော်တပါး စိုက်ပျိုးခဲ့ကြပါကြောင်း သိရှိရပါသည်။

date: 
Saturday, June 22, 2024 - 12:15