ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ဒိုက်ဦးမြို့နယ်၊ ဘိုင်းဒါးတည်ဆောက်ရေးဝန်း၌ (၂၀-၆-၂၀၂၄)ရက်နေ့၊ နံနက်(၈:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ၊ တပ်ရင်းတပ်ဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေး၊ ဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူအပါအဝင် ပြည်သူလူထု စုစုပေါင်း (၁၅၀)ဦးတို့မှ ကျွန်း၊ ကံ့ကော်၊ ခရေ၊ စိန်ပန်းကြီး၊ ပိတောက်၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယမနေ စုစုပေါင်း သစ်ပင်(၁၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Saturday, June 22, 2024 - 12:15