မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်၊သစ်တောဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကျင်းပ

(၂၇-၅-၂၀၂၆)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင်၊ ကျောက်ဆည်မြို့နယ်၊ ကြောင်ကျေးရွာအုပ်စု၊ရမန်းကျေးရွာ၊အုပ်ချုပ်‌ ရေးမှူးရုံးအတွင်း၊သစ်တောဝန်ထမ်း( ၃)ဦး၊ကျေးရွာအုပ်ချုပ်ရေးမှူးပါဒေသခဲပြည်သူ(၅၃)ဦး စုစုပေါင်း(၅၆)တို့အား“သစ်တောပြုစုထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊သဘဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအသိပညာဟောပြောခြင်း၊ တရားမဝင်သစ်ထုတ်လုပ်မှုပ ပျောက်ရေးအသိပညာဟောပြောခြင်း၊ရေချွေတာရေးနှင့်တောင်ယာများခုတ် ထွင် ရှင်းလင်းမီးရှို့ခြင်းမပြုလုပ်ရန် အသိပညာပေးဟောပြောခြင်း များအား ၊ဒေသခံများသိရှိနားလည်စေရန်ဟောပြောပွဲများကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် ကျောက်ဆည်မြို့ နယ် ၊မြို့နယ်သစ်တောဦးစီးဌာန မှတောအုပ်ကြီး၊ ဦးသက်မြတ်ဦး ဦးဆောင်၍ သစ်တောသစ်ပင်များမှ ရရှိသည့်အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်ထိန်းသိမ်းရေးနှင့် သစ်တောစိုက်ခင်းများ ၊သဘဝတောများအားမီးလောင်မှုမရှိစေရန် အတွက် ဆောင် ရွက်ရမည့်အချက်အလက်များ၊ မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာဗဟုသုတများ၊ရေချွေတာသုံးစွဲရေးနှင့်မိုးရာသီတွင်သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများ၊သစ်ပင်များအခမဲ့ဖြန့်​ဝေခြင်းလုပ်ငန်းများ သစ်ပင်စိုက်ပျိုးခြင်းများ ပူးပေါင်းပါဝင်ဆောင်ရွက်စေရေး အသိပညာပေးဟောပြောခဲ့ပြီး၊ဒေသခံများမှသိလိုဖွယ်ရာမေးခွန်းများပြန်လည်ဖြေကြားခဲ့ခြင်း၊ အခမ်းအနားအား (၁၁း၀၀)နာရီတွင်ပြီးစီးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, May 29, 2026 - 13:00