မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ်၊ သစ်တောဉီးစီးဌာနမှ ''သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေး၊ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၂၈-၅-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ပိန္နဲကုန်း‌ကျေးရွာ သာသနာ့ဟိတဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးခြင်းဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီးဟောပြောပွဲသို့ ဒေသခံကျေးရွာသူ/သားများ ကျား(၃၈)ဦး မ(၈) ဦးနှင့် သစ်တောဝန်ထမ်းကျား (၆)ဦး၊ စုစုပေါင်း (၅၂)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးမိုးသန့်ဇင်မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးကို ဆွေးနွေးဟောပြောခဲ့ပြီး၊တက်ရောက်လာသူများထဲမှ သိရှိလိုသောမေးခွန်းများကို ပြန်လည်ဆွေးနွေးဖြေကြားပြီး လက်ကမ်းစာစောင်များအားဖြန့်ဝေပေးပါ‌ကြောင်း သတင်းရရှိသည်။

date: 
Friday, May 29, 2026 - 13:00