မြစ်သားမြို့၊ သစ်တောဦးစီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၀၂၄ ခုနစ် ဇွန်လ ၂၁ ရက်နေ့ (၇:၃၀)နာရီအချိန် မြစ်သားမြို့၊ ရွှေသူဌေးရပ်ကွက်ရှိ သိမ်တောင်ကျောင်း ကျောင်းဝန်းအတွင်း၌ သစ်တောဦးစီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရာ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြစ်သားမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးမြတ်သီဟမင်း အဖွဲ့ဝင်-၃ ဦးရွှေအောင်၊ မြစ်သား မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးဝင်း၊ မြစ်သားမြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရှိန်းသူနှင့် ထွေ/အုပ်ဝန်ထမ်းများ သစ်တောဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးအောင်မိုးလွင်နှင့် သစ်တောဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ/ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်မိခင်နှင့်ကလေးအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၃၃၀) ဦးတက်ရောက်ခဲ့ပါသည်။ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ပျိုးပင်များပေးအပ်ခြင်းနှင့် စိုက်ပျိုးခြင်း၊ စိုက်ပင်များမှာ ကျွန်းပင်(၁၃၀)ပင်၊ မယ်ဇလီပင်(၇၅)ပင်၊ စိန်ပန်းပင်(၇၅)ပင်၊ အော်ရီရှားပင်(၁၆)ပင်၊ ခရေပင်(၂)ပင်၊ မကျည်းပင်(၁)ပင် နှင့်ယင်းမာပင် (၁)ပင် စုစုပေါင်း အပင် (၃၀၀)ပင် စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Saturday, June 22, 2024 - 12:15