၁၈-၅-၂၀၂၆ ရက်နေ့မှ ၂၄-၅-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၁၂.၄၉၀၄)တန်၊ သစ်မာ(၉.၆၂၉၀)တန်၊ အခြား(၅၀.၃၈၀၂)တန်၊ စုစုပေါင်း(၇၂.၄၉၉၆)တန်၊ ယာဉ်/ယန္တရား (၅)စီး၊ တရားခံ (၁၄)ဦး ဖမ်းဆီးရမိခဲ့ပါကြောင်းသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၅-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းကြိုးဝိုင်း၊ အကွက်အမှတ်(၁၅၄)အတွင်းမှတရားမဝင်သစ်ယား/ မျောက်ငို/ တောင်သရက်သစ်လုံးစုစုပေါင်း (၅၁)လုံး(၁၁.၃၅၂၂)တန်၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှု ဖြစ်ပါကြောင်းသည်။

date: 
Friday, May 29, 2026 - 15:00