၂၀၂၃-၂၄ ဘဏ္ဌာနှစ်အတွင်း ကျွန်းနှင့်သစ်မာများ ပြည်ပသို့တင်ပို့မှု လျောနည်းခဲ့ ရခြင်းနှင့်ပတ်သက်၍ ပြည်ပတင်ပို့မှုမြှင့်တင်နိုင်ရေး ကုမ္ပဏီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

၂၀၂၃-၂၄ ဘဏ္ဌာနှစ်အတွင်း ကျွန်းနှင့်သစ်မာများ ပြည်ပသို့တင်ပို့မှု လျောနည်းခဲ့ ရခြင်းနှင့်ပတ်သက်၍ ပြည်ပတင်ပို့မှုမြှင့်တင်နိုင်ရေး ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်မြို ၊ ကြို့ကုန်းသစ်တောဝန်း၊ တော်ဝင်ခန်းမ၌ ၂၁-၆-၂၀၂၄ ရက်နေ့ နေ့လည်(၁၃၃၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချူပ်များ၊ မြန်မာ့သစ်လုပ်ငန်းဦးဆောင် ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများ၊သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်(မူဝါဒနှင့်စီမံကိန်း)၊ သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာနညွှန်ကြားရေးမှူး၊ ရန်ကုန် တိုင်းဒေသကြီးညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ ပြည်ပပို့ကုမ္ပဏီ(၃၇)ခုမှ လုပ်ငန်းရှင် (၄၇)ဦး၊ စုစုပေါင်းအင်အား(၇၀)ဦးတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပြည်ပတင်ပို့ခြင်း လုပ်ငန်း၌ကြုံတွေ့ရသော အခက်အခဲများ၊ပြည်ပ တင်ပို့မှုမြှင့်တင်နိုင်ရေး အတွက် ဖြေရှင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊အကြံပြုတင်ပြလို သည့်အချက်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ညနေ(၁၆:၄၅) နာရီတွင်ရုပ်သိမ်းခဲ့ ပါကြောင်း သိရှိရပါသည်။

date: 
Sunday, June 23, 2024 - 18:15