သထုံခရိုင်၊ကျိုက်ထိုမြို့နယ်၊သစ်တောဉီးစီးဌာနမှ *''Fire Hotspot ဖြစ်ပွားမှုလျော့နည်းပပျောက်ရေး၊တောမီးလောင်ကျွမ်းမှုမရှိစေရေးထိန်းသိမ်းကာကွယ်ခြင်းအသိပညာပေးဟောပြောပွဲ''ကျင်းပ
(၂၉.၅.၂၀၂၆) ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင်ကျိုက်ထိုမြို့နယ်၊သစ်တောဦးစီးဌာနမှ ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ''Fire Hotspot ဖြစ်ပွားမှုလျော့နည်းပပျောက်ရေး၊တောမီးလောင်ကျွမ်းမှုမရှိစေရေးထိန်းသိမ်ကာကွယ်ခြင်း အသိပညာပေးဟောပြောပွဲ''ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ဆရာမ(၂၂)ဦး၊ ကျောင်းသား/သူများ ကျား (၅၅)ဦး မ(၄၉)ဦးနှင့် ကျိုက်ထိုမြို့နယ် ဦးစီးအရာ ရှိပါ သစ်တောဝန်ထမ်း(၈)ဦး၊ စုစုပေါင်းကျား(၆၃) ဦး၊မ( ၇၁)ဦး၊စုစုပေါင်း(၁၃၄)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးသိန်းအောင်နိုင်မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး၊ Fire Hotspot ဖြစ်ပွားမှုလျော့ချရေးဟောပြောခြင်းများဆောင်ရွက်ကာ တက်ရောက်လာသည့် ကျောင်းသား/သူများက သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။




