မော်လမြိုင်ခရိုင်၊မုဒုံမြို့နယ်၊သစ်တောဉီးစီးဌာနမှ ''သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေး၊ဆိုင်ရာအသိပညာပေးဟောပြောပွဲ''ကျင်းပ

(၂၉.၅.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မုဒုံမြို့နယ်၊ သစ်တောဉီးစီးဌာနမှ သာယာကုန်းကျေးရွာ၊ကျေးရွာခန်းမတွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ ဒေသခံကျေးရွာသူ/သားများ ကျား(၃၁)ဦး မ (၂၁)ဦးနှင့် သစ်တောဝန်ထမ်းကျား (၃)ဦး၊ စုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဟိန်းထွဋ်ဘုန်းမှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးကိုဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, June 1, 2026 - 12:30