ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပုံးမြို့နယ် ၂၀၂၄ ခုနှစ်၊မိုးရာသီဒေသအဆင့်လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအားကျင်းပ

သစ်တောဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မိတ္ထီလာ-ကျိုင်းတုံ-တာချီလိတ်သွား (AH-2)ကားလမ်းမ၏ မြောက်ဘက် ၊ မိုင်တိုင်အမှတ်(၁၂၉/၆) နှင့် (၁၂၉/၇) အကြား တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ (ဟိုပုံး)၏ တပ်ပိုင်မြေအတွင်း-ခန့်မှန်း မ.ပ.ည 47Q LD 130 017/20°48'32.68"N,97°11'58.72"E နေရာတွင် (၂၂.၆.၂၀၂၄)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်၌(၂၀၂၄ -ခုနှစ် ၊မိုးရာသီ) ဒေသအဆင့် လူထုစုပေါင်းသစ် ပင်စိုက်ပျိုးပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ -ဦးခွန်ရဲထွေး ကအဖွင့်အမှာစကားပြောကြားခြင်း ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး -ဦးစိုင်းလိတ်၊ ဒေသဥက္ကဌ -ဦးခွန်ရဲထွေး နှင့် ဟိုပုံးတပ်နယ်မှူး-ဗိုလ်မှူးချုပ် သိန်းနိုင်တို့က ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့်ဒေသခံ ရှမ်းတိုင်းရင်းသား၊ ပအိုဝ်း တိုင်းရင်းသားတို့အား စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ခါတော်မီ၊ ပြည်လုံးချမ်းသာ ပျိုးပင်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူးနှင့် တပ်မတော် အရာရှိ ကြီးများ၊ ရှမ်းပြည်နယ်၊သစ်တောဦးစီးဌာန-ညွှန်ကြားရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ(ဟိုပုံး)၏ သင်တန်းသားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်
နှင့်ကလေး စောင့်ရှောက်ရေးအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ပြီးအခမ်းအနားအား (၀၉:၄၅)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ (၂၀၂၄ ခုနှစ် ၊မိုးရာသီ) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တွင်စုစုပေါင်း တက်ရောက်အင်အား (၁၅၀၀)ဦးဖြင့် ခါတော်မီ(၂၅၀)ပင်၊ ချယ်ရီ(၃၆၀)ပင်၊ စိန်ပန်းနီ (၃၆၀)ပင်၊ စိန်ပန်းပြာ(၃၆၀)ပင်၊ ပိတောက် (၉၀)ပင် ၊ ပြည်လုံးချမ်းသာ(၈၀)ပင် နှင့်မဟော်ဂနီ(၃)ပင် ၊ စုစုပေါင်း (၁၅၀၃)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Sunday, June 23, 2024 - 18:15