ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

(၂၂-၆-၂၀၂၄)ရက်နေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ် ဘိနယ်၊ ဘုရားဖြူကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ တီကျစ် - အင်းတိန်-ညောင်ရွေ သွား ကားလမ်းဘေးတွင် ၂၀၂၄ ခုနှှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ ရာ၊ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပင်လောင်း မြို့နယ်နှင့် နောင်တရားမြို့တို့မှ ဌာနဆိုင်ရာများ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၂၃၅)ဦးတက်ရောက်၍ ခါတော်မီ(၃၀၀)ပင်၊ ချယ်ရီ(၂၅၀)၊ စိန်ပန်းပြာ(၅၀)ပင်၊ ပိတောက်(၅၀)ပင်နှင့် ကျွန်း(၅၀)ပင် စုစုပေါင်း စိုက်ပျိုးပင် (၇၀၀)ပင် နှင့် သစ်မျိုးစုံ ဖြန့််ဝေပင်(၃၀၀)ပင် စုစုပေါင်း(၁၀၀၀)ပင်တို့အား ဖြန့်ဝေစိုက်ပျိုးခဲ့ကြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား ပျိုးပင်များ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

date: 
Sunday, June 23, 2024 - 18:30