တီးတိန်မြို့နယ် ခိုင်ကမ်းမြို့အမှတ်(၁)ရပ်ကွက်ဓမ္မာရုံ၌သစ်​တောထိန်းသိမ်း​ရေး၊​တောမီးကာကွယ်​ရေးနှင့်မီးခိုးမြူ​ငွေ့​လျှော့ချ​ရေးဆိုင်ရာအသိပညာ​ပေး​ဟော​ပြောပွဲအားမြို့နယ်အဆင့်ကျင်းပ

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့အမှတ်(၁)ရပ်ကွက်ဓမ္မာရုံ၌(၃၀-၅-၂၀၂၆)ရက်​နေ့(၁၀:၃၀)နာရီအချိန်တွင်သစ်​တောထိန်းသိမ်း​ရေး၊​တောမီးကာကွယ်​ရေးနှင့်မီးခိုးမြူ​ငွေ့​လျှော့ချ​ရေးဆိုင်ရာအသိပညာ​ပေး​ဟော​ပြောပွဲအားမြို့နယ်အဆင့်ကျင်းပပြုလုပ်ခဲ့ရာ ခိုင်ကမ်းမြို့အမှတ်(၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူး၊ရပ်မိရပ်ဖများနှင့်​ဒေသခံပြည်သူများ(၄၈)ဦး၊သစ်​တောဝန်ထမ်း(၇)ဦး စုစု​ပေါင်း(၅၅)ဦးတက်​ရောက်ခဲ့ပြီး အခမ်းအနားတွင် တီးတိန်မြို့နယ် သစ်​တောဦးစီးဌာန ​​တောအုပ်ကြီးဦး​ဇော်ဝင်းညွန့်မှသစ်​တောထိန်းသိမ်း​ရေး၊မီးခိုးမြူ​ငွေ့​လျှော့ချ​ရေးနှင့်သစ်ပင်စိုက်ပျိူးပြုစုထိန်းသိမ်းခြင်းများအားအသိပညာ​ပေး​​ဆွေး​နွေး​ဟော​ပြောခဲ့ပြီး သိရှိလိုသည့်​မေးမြန်းချက်များအ​ပေါ်ပြန်လည်​ဖြေကြားခြင်း၊တက်​ရောက်လာသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာဆောင်များနှင့် သစ်ပင်စိုက်ပျိူးမှုလက်ကမ်းစာ​စောင်များဖြန့်​ဝေခြင်းနှင့်သစ်ပင်စိုက်ပျိူးပြုစုထိန်းသိမ်းခြင်း video clip ပြသခြင်းတို့အား​ဆောင်ရွက်ခဲ့ပါ​ကြောင်းမှတ်တမ်းဓါတ်ပုံများနှင့်အတူတင်ပြအပ်ပါသည်။ ရက် ၁၀၀ စီမံချက်အရ ​ဆောင်ရွက်မှုဖြစ်ပါ​ကြောင်း သတင်းရရှိသည်။

date: 
Monday, June 1, 2026 - 12:45