ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရာ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို (၂၂-၆-၂၀၂၄) ရက်နေ့၊ နံနက်(၈)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ “ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း"၌ ကျင်းပရာ တိုက်ကြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုက်ကြီးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ၊”ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီးနှင့်သင်တန်းသားများ၊မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊အုပ်ချုပ်ရေးမှုးများနှင့်ပြည်သူများစုစုပေါင်းအင်အား(၂၀၅)ဦး တက်ရောက်ခဲ့ပြီး(ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်၊ မန်ဂျန်ရှား၊ ပျဥ်းမ သစ်မျိုး(၈)မျိုး၊ ပျိုးပင်စုစုပေါင်း (၁၀၀၀)ပင် တပျော်တပါး စိုက်ပျိုးခဲ့ပါ‌ကြောင်း သိရှိရပါသည်။

date: 
Sunday, June 23, 2024 - 18:30