ကျိုင်းတုံမြို့၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းဆတ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပ သည့် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို ဇွန်လ ၂၃ ရက် နံနက် ၉:၃၀ နာရီက ကျိုင်းတုံမြို့ အမေ့ရင်ခွင်ကျောင်းတွင် ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံ-မိုင်းဆတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးအောင်ကျော်ဦးက သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ သစ်တောများနှင့်ရေဝေရေလဲဒေသများထိန်းသိမ်းရေး ဆိုင်ရာသိကောင်း စရာများကိုလည်းကောင်း ကျိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနောဆာဝူက သစ်တောများပြုစုထိန်းသိမ်းခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့အန္တရာယ် ကာကွယ်လျှော့ချရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း သစ်တောသုတေသနဌာန ရေဆင်း နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမူမူအောင်က ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် သစ်တောများ၏အခန်းကဏ္ဍဆိုင်ရာသိကောင်းစရာများ စသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူ(၈၆)ဦးအား အသိပညာပေးဟောပြော ခဲ့ပြီး သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးသည်။ ထို့‌နောက် အမေ့ရင်ခွင်ကျောင်းတော်တည်ထောင်သူ ဦးမင်းညို၊ အဖွဲ့ဝင်(အဖွဲ့ဝင်၂)၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)က ကျေးဇူး တင်စကားပြောကြားကြောင်း သိရှိရပါသည်။

date: 
Monday, June 24, 2024 - 12:30