မော်လိုက်-ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း တိုင်းအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးမှကြီးမှူးကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်အားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်-ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း တိုင်းအစိုးရ အဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီးမှကြီးမှူးကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်အား (၂၃.၆.၂၀၂၄)ရက်နေ့၊ နံနက်(၇:၃၀)နာရီမှ(၈း၃၀)နာရီ ထိကျင်းပခဲ့ပါသည်။ စိုက်ပျိုးပွဲတွင် ဝန်ကြီး၊ ဌာနချုပ်မှူး၊ တိုင်းဌာနချုပ်၊ ခရိုင် မြို့နယ်ဌာနဆိုင်ရာများ၊ ရှမ်း၊ နာဂ၊ ချင်းတိုင်းရင်းသားများနှင့် ရွေပြည်စိုးစံကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသူ/ ကျောင်းသားများ စုစုပေါင်း လူဦးရေ (၇၂၀)ဦးတက်ရောက်ခဲ့ကြပါသည်။ (၇း၃၀)နာရီ အချိန်တွင်တိုင်းရင်းသားရိုးရာကွင်းနှင့်ရွှေပြည်စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းဝန်းအတွင်းမဟော်ဂနီ၊ ကုက္ကိုလ်၊ ခရေ၊ ကံကော်၊ သပြေဘူတ၊ ကျွန်း၊ ပျဥ်း၊ စိန်ပန်း စုစုပေါင်း ပျိုးပင်(၄၀၀)ပင်၊(၈း၃၀)နာရီအချိန်တွင် နာဂရိုးရာကွင်းအတွင်း စိန်ပန်း၊ သပြေ၊ ခရေ၊ ပျဥ်းကတိုး စုစုပေါင်းပျိုးပင်(၂၀၀)ပင် စုစုပေါင်းပျိုးပင် (၆၀၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ ကြကြောင်းသိရှိရပါသည်။

date: 
Monday, June 24, 2024 - 12:45