မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် ဒုတိယအကြိမ်မြောက်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို နည်းပညာတက္ကသိုလ်ဝန်းအတွင်းကျင်းပ

(၂၃-၆-၂၀၂၄)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် ဒုတိယ အကြိမ်မြောက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို နည်းပညာတက္ကသိုလ်ဝန်းအတွင်း ကျင်းပခဲ့ပြီး၊ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသ ကြီးအဆင့်ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်များအပါအဝင် နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အင်အား(၅၀၀)ဦးဖြင့် တမာ၊ ခရေ၊ ရေတမာ၊ မယ်ဇယ်၊ ပန်းမယ်ဇလီ၊ ဆီသပြေ၊ ပိတောက်၊ စိန်တခြူ စသည့် သစ်မျိုး(၈)မျိုး၊ (၁၃၅၀)ပင်ကိုစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Monday, June 24, 2024 - 12:45