မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှကြီးမှူး၍ (၃-၆-၂၀၂၆)ရက်နေ့ (၀၉:၃၀)နာရီအချိန် တောင်တွင်းကြီးမြို့နယ်၊အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံး၊ဦးထွန်းထွန်းဝင်း (တောအုပ်ကြီး)မှ "၂၀၂၆ မိုးရာသီကာလ"တွင် သစ်တောစိုက်ခင်းများတည်ထောင်စိုက်ပျိုးခြင်း၊သစ်ပင်စိုက်ပျိုးသည့် နည်းစနစ်များနှင့် စာသင် ကျောင်း၊ကျေးရွာ ပြည်သူလူထုများအား (၂)ပေအထက်အရိပ်ရပျိုးပင်များအခမဲ့ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး၊ ဦးမြင့်သန်းကို(ဦးစီးအရာရှိ)မှ သစ်တောသစ်ပင်များမှရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ ဇီဝ မျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ဆိုင်ရာသိကောင်းစရာများအားလည်းကောင်းအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့သည်။ ဟောပြောပွဲသို့ တောင်တွင်းကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း(၃)ဦး၊ အထက(၄)မှ ဆရာ(၃)ဦး၊ဆရာမ(၃)ဦး၊ ကျောင်းသား(၅၂) ဦး၊ကျောင်းသူ(၅၇)ဦး၊ စုစုပေါင်း(၁၁၈)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။



