သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ”ကျင်းပ

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ၂၄-၆-၂၀၂၄ ရက်နေ့ (တနင်္လာနေ့)၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ” ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ ဥယျာဉ်အုပ်ချုပ်ရေးမှူး၊ စီမံကိန်းဦးစီးအရာရှိနှင့် တိုးချဲ့ပညာပေးဝန်ထမ်းတို့မှ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ဆောင်ရွက်လျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းသိကောင်းစရာများကို ဟောပြောခြင်း၊ ဗီဒီယိုမှတ်တမ်းပြသခြင်းနှင့် အသိပညာ ပေးစာစောင်ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အ.ထ.က (ကလိန်အောင်) ကျောင်းအုပ် ဆရာမကြီးအား ကျောင်းသုံးဗလာစာအုပ်(၅၀)ဒါဇင်ကို ပံ့ပိုးပေးအပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲသို့ အ.ထ.က (ကလိန်အောင်) မှ ဆရာ/ ဆရာမ (၁၅) ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၇၂) ဦး၊ စုစုပေါင်း (၁၈၇) ဦး တက်ရောက်ခဲ့ကြပါသည်။

date: 
Monday, June 24, 2024 - 15:00