တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

တနင်္သာရီမြို့နယ်၊သစ်တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို(၅-၆-၂၀၂၆)ရက်နေ့၊နံနက်(၀၉:၃၀)နာရီအချိန်၌ အ.ထ.ကတနင်္သာရီ၊ ပညာရတနာခန်းမတွင်ကျင်းပဆောင်ရွက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(၁)ဦး၊ဆရာ/ဆရာမ(၆)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၅၂)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး၊ပေါင်း ကျား(၁၀၂)ဦး၊မ(၆၂)ဦး၊ စုစုပေါင်း(၁၆၄)ဦးတက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲတွင် တနင်္သာရီမြို့နယ်၊အထက်တန်းပြ ဆရာမဒေါ်သင်းမြတ်မြတ်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးသစ်တောဦးစီးဌာန၊ ဦးအောင်မျိုးဌေးမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဥ်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဟောပြောခဲ့ပြီး တောအုပ် ဦးဇေယျာမိုးမှ ရေချွေတာရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းခြင်းအပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။ဆက်လက်၍
ဟောပြောပွဲတွင်တက်ရောက်လာသူများအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ နှင့် ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား သစ်ပင်စိုက်ပျိုးခြင်းအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, June 5, 2026 - 13:30