တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီတိုင်းအဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီတိုင်းအဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ကော့သောင်းမြို့နယ်၊ အမှတ်(၃၄၂)ခြေမြန်တပ်ရင်းအတွင်း (၂၄-၆-၂၀၂၄)ရက်နေ့၊ (၀၇:၃၀) နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသစ်ပင် စိုက်ပျိုးပွဲတော်သို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက် ပြီးကျွန်းပင်အားစိုက်ပျိုးခဲ့ပြီး သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဗျူဟာမှူးစစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်း၊ တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့ မိသားစုများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီအသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမ များ၊ စုစုပေါင်း(၄၂၅)ဦး တက်ရောက်ပြီး ကျွန်း(၁)ပင်၊ ကံ့ကော်(၁)ပင်၊ သင်္ကန်း(၁)ပင်၊ မဟော်ဂနီ(၂၀၀)ပင်၊ ပျဉ်းကတိုး (၁၆၀)ပင်၊ မန်ဂျန်ရှား(၃၆၀)ပင်၊ အုန်းပင်(၄၀)ပင်၊ စုစုပေါင်း (၇၆၃)ပင်အား အောင်မြင်စွာစိုက်ပျိုးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Monday, June 24, 2024 - 15:45