မြိတ်မြို့နယ်၊ ဒီရေတောထိန်းသိမ်းရေးမိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မြိတ်မြို့နယ်၊ ကလွင်မော်ကမ်းခြေတွင် မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန၊ သစ်တောဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲ အား (၂၂.၆.၂၀၂၄)ရက်နေ့ ညနေပိုင်း(၁၅း၀၀)နာရီ အချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ မြိတ်တက္က သိုလ်မှ ဒုတိယပါမေက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြိတ်မြို့ နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများစုစုပေါင်း-(၁၀၈)ဦး ခန့်တက်ရောက်ပြီး ဗြူးအုပ်ဆောင်း(၁၀၀၀)ပင်၊ ဗြူးခြေထောက်(၁၀၀၀)ပင် စုစုပေါင်း(၂၀၀၀)ပင်အားစုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

date: 
Monday, June 24, 2024 - 15:45