ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်း မြို့နယ်၊ ကာလိမြို့၊ ကုန်းပေါင်းဘုန်းကြီးကျောင်းဝန်းအတွင်း ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်အားကျင်းပ

(၂၄-၆-၂၀၂၄)ရက်နေ့ (၈:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်း မြို့နယ်၊ ကာလိမြို့၊ ကုန်းပေါင်းဘုန်းကြီးကျောင်းဝန်းအတွင်း ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပွဲတော်အား သစ်တောဦးစီးဌာန(ကွန်ဟိန်းမြို့)မှ ဦးဆောင်ကျင်းပခဲ့ပါသည်။ အခမ်း အနားသို့ စစ်ဗျူဟာ(အခြေချ)ကွန်ဟိန်းမြို့မှ ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦး၀င်းနိုင်၊ အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း အင်းအား(၂၅၀)တက်ရောက် ခဲ့ကြပြီး ကျွန်း(၃၅၀)၊ မန်ဂျန်ရှား(၁၅၀)၊ မယ်ဇလီ(၁၅၀)၊ စိန်ပန်းပြာ(၃၅၀)၊ စုစုပေါင်း ပျိုးပင် (၁၀၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

date: 
Monday, June 24, 2024 - 15:45