မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊သာစည်မြို့နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊သာစည်မြို့နယ်၊သစ်တောဦးစီးဌာနမှ (၅-၆-၂၀၂၆)ရက်နေ့ ၊(၁၃:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပရာ သာစည်မြို့နယ် သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးပါသစ်တော ဝန်ထမ်း(၄)ဦး၊ သာစည်မြို့နယ်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာသူ/ကျေးရွာသား(၈၇) ဦး စုစုပေါင်း(၉၁)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင်မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ သစ်တောသစ်ပင်များဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရေးဟောပြောခြင်း၊ တောအုပ်ကြီး ဦးခင်မောင်ဌေး မှ သစ်တော သစ်ပင်များမှ ရရှိသည့်အကျိုးကျေးဇူးများနှင့် ဝိုင်းဝန်ထိန်းသိမ်း စောင့်ရှောက်ရေးဟောပြောခြင်း၊ တောအုပ်ဦးဝင်းမြင့် မှ ရေသယံဇာတ ထိန်းသိမ်းရေးဟောပြော ခြင်း၊ ဌာနမှ ဆောင်ရွက်လျက်ရှိသော ပျိုးပင်များ အခမဲ့ဖြန့်ဝေနေမှုများနှင့် သစ်ပင်စိုက်ပျိုးခြင်းတွင် ပြည်သူများပူးပေါင်းပါဝင်လာစေရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။အခမ်းအနားအား(၁၄:၁၅)နာရီတွင် ပြီးစီးပါကြောင်းသတင်းရရှိသည်။


