သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

(၂၅.၆.၂၀၂၄) ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ ၌ ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဦးစိန်မိုး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ တိုးချဲ့ပညာပေးရေးဌာနမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ ဦးသူရိန်ဝင်း (ဦးစီးအရာရှိ)မှ ထိုင်းနိုင်ငံတွင်တက်ရောက်ခဲ့သည့် သစ်တောမီးငြိမ်းသတ်ခြင်း သင်တန်းဆရာများအတွက် ဒုတိယ အကြိမ်သင်တန်း (2nd Training of Trainers for Forest Fire Suppression) နှင့် ပတ်သက် သည့်အတွေ့အကြုံများအားလည်းကောင်း၊ ဦးမြင့်စိုး(ဦးစီးအရာရှိ) မှအိန္ဒိယနိုင်ငံတွင် တက်ရောက် ခဲ့သည့် လူနှင့်ဆင်ပဋိပက္ခအတူတကွယှဉ်တွဲနေထိုင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ နှင့်ပတ်သက် သည့် အတွေ့အကြုံများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Tuesday, June 25, 2024 - 14:15