၁၇-၆-၂၀၂၄ ရက်နေ့မှ ၂၃-၆-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၉.၆၅၈၇)တန်၊ သစ်မာ (၃.၇၉၃၆)တန်၊ အခြား (၁၄.၁၈၅၃)တန်၊ စုစုပေါင်း (၃၇.၆၃၇၆)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၂၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၉-၆-၂၀၂၄ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါဘိနယ်၊ ဖြူးကွန်းကြိုးဝိုင်း၊ အကွက်အမှတ်(၄၉)၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်း တောင်ဘက် ဒေသအခေါ် ရွှေညောင်ပင်(၂)လမ်းအနီးမှ တရားမဝင် ကျွန်း သစ်လုံး/လုံးပတ်၃ပေအောက်သစ် စုစုပေါင်း (၂၆)လုံး (၈.၁၀၀၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, June 26, 2024 - 11:00