၁-၆-၂၀၂၆ ရက်နေ့မှ ၇-၆-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၄၇.၀၇၉၀)တန်၊ သစ်မာ(၂.၅၅၅၂)တန်၊ အခြား(၈၀.၂၁၂၃)တန်၊ စုစုပေါင်း(၁၂၉.၈၄၆၅)တန်၊ ယာဉ်/ယန္တရား (5)စီး၊ တရားခံ(၁၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁-၆-၂၀၂၆ ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းဘိနယ်၊ ခရိုင်ချင်းဆက်လမ်း၊ မိုင်တိုင်အမှတ်(၁၃၂/၀)၊ လမ်းအနောက်ဘက်(၃)ဖာလုံခန့်အကွာနေရာမှ တရားမဝင်ကညင်/သစ်ယား သစ်လုံး/ခွဲသား စုစုပေါင်း(၄၉)လုံး/ချောင်း (၄၁.၅၅၆၂)တန်၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date:
Tuesday, June 9, 2026 - 16:00
